မတူညီသည့်အသင်း ၂၁ သင်းကို ဂိုးသွင်းယူနိုင်သောစံချိန်ကို ရရှိခဲ့တဲ့ ဟယ်ရီကိန်း

10 Jun

အင်္ဂလန်အသင်း တိုက်စစ်ကစားသမား ဟယ်ရီကိန်း က နိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ အင်္ဂလန်နှင့် နယူးဇီလန်အသင်းပွဲစဉ်၌ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ရွန်းနီ ကိုကျော်ဖြတ်ပြီး အင်္ဂလန်အသင်း၌ မတူညီသည့် အသင်း ၂၁ သင်းကို ဂိုးသွင်းယူနိုင်သောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အစောပိုင်းက အင်္ဂလန်အသင်း၌ မတူညီသည့်အသင်းများကို ဂိုးသွင်းယူနိုင်သောကစားသမားအဖြစ် ဟယ်ရီကိန်း က ရွန်းနီနှင့်အတူ ပွဲ ၂၀ ဖြင့် ထိပ်ဆုံး၌ရပ်တည်နေသော်လည်း ယခုအခါ ဟယ်ရီကိန်း က တစ်ပွဲအသာဖြင့်ကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ အင်္ဂလန်အသင်းနှင့်အတူ မတူညီသည့် အသင်း ၃၅ သင်းနှင့်ကစားရာတွင် ၂၁ သင်းကို ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၁၃ ပွဲကစားရာ ၇၉ ဂိုး သွင်းယူထားနိုင်သူဖြစ်ပါတယ်။ (NVS 008)

10 Jun

ADVERTISE HERE .