မိုးဦးကာလရေယာဉ်များ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်း သတိပေး နှိုးဆော်ချက်ထုတ်ပြန်

10 Jun

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့်မိုးမှောင်ကျမှုဖြစ်ပေါ်လာပါက ရေယာဉ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သတိပြု ခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေလမ်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။ ရေယာဉ်များအနေနဲ့ မြစ်ရေများမြင့်တက်လာခြင်းကြောင့် ရေလမ်းညွှန်အမှတ်အသားများ ပျက်စီး ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုသွားလာရန်၊ ရေများလာပါက ရေစီးသန်ခြင်းနှင့်ဝဲလှည့်ခြင်း များ ဖြစ်ပေါ်နိုင်တာကြောင့် မိမိရေယာဉ်၏စက်စွမ်းအားနဲ့ ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ မောင်းနှင်ရန်၊ မြစ်ကူးတံတား ရေလမ်းများတွင် အစိမ်းရောက်တြိဂံအမှတ်အသား (မီးစိမ်း)၊ အနီရောင် ကြက်ခြေတ် အမှတ်အသား(မီးနီ) များကို ပြသထားပြီး မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများ ရေမြှုပ် နေတတ်ပြီး တံတားတိုင်များအကြား ရေစီးသန်ခြင်းများဖြစ်ပေါ်တတ်တာကြောင့် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်အတိုင်း မောင်းနှင်ရန်၊ တံတားရေလမ်း ဖြတ်သန်းရာတွင် ရေယာဉ် နှစ်စင်း ယှဉ်ပြိုင် မောင်းနှင်ခြင်း မပြုရန်နှင့် သယ်ဆောင်သည့်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုမောင်နှင်ရန်၊ ရေယာဉ်များ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် စတဲ့အချက်များကို ထုတ်ပြန် ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ (NVS 004)

10 Jun

ADVERTISE HERE .