အစားအသောက်လုပ်ငန်းများ နမူနာကောက်ယူ စစ်ဆေးခြင်းကို ဇွန်လ ၁၅ ရက်တွင် စတင်မည်

10 Jun

အစားအသောက်လုပ်ငန်းများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေအရနမူနာကောက်ယူစစ်ဆေးခြင်းကို ဇွန်လ ၁၅ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ကြေညာထားပါတယ်။ FDA အနေနဲ့ ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် (လုပ်ငန်းသစ်/သက်တမ်းတိုး) လျှောက်ထားလာသောလုပ်ငန်းများကို ညွှန်ကြားချက် (၆/၂၀၂၅) နှင့်အညီ ထောက်ခံချက်များ ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ထောက်ခံ ချက် ထုတ်ပေးပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအစားအသောက် လုပ်ငန်းများအတွက် E-Submission မှတစ်ဆင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထား ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (Risk Based Inspection and Certificate System SOP for Local Food Manufacturing) ပါအတိုင်း ဘေးအန္တရာယ်ဖြစ်နိုင်ခြေအရ နမူနာကောက်ယူ စစ်ဆေးခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယင်းစစ်ဆေးခြင်းအား ဇွန်လ ၁၅ ရက်နေ့မှစတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အစားအသောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြေညာချက်အရ သိရပါတယ်။ (NVS 004)

10 Jun

ADVERTISE HERE .