အမေရိကန်က အစ္စရေးအပေါ်ထောက်ပံ့မှုများ ရုပ်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်

10 Jun

အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံသို့ပေးအပ်နေသော ကူညီထောက်ပံ့မှုများကို ရုပ်သိမ်းသွားမည် ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့်ဖုန်းပြောစဉ် ခြိမ်းခြောက်ထားသည်ဟု Axio သတင်း ဌာနကဖော်ပြထားသည်။ အစ္စရေးက လက်ဘနွန်နိုင်ငံသို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်နှင့်ဆွေးနွေးမှုများကို ဆိုင်းငံ့ထားကြောင်း အီရန်အစိုးရက ပြီးခဲ့ သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာပြီးနောက် ဒေါ်နယ်ထရမ့်က နေတန်ယာဟုနှင့် ဖုန်းပြောဆိုမှုများကို အကြိမ်ကြိမ်လုပ်ဆောင်ထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အီရန်ဘက်ကအဆိုပြုသည့်အချက်တွင် လက်ဘနွန်အပါအဝင် ရှေ့တန်းစစ်မျက်နှာအားလုံး၌ တိုက်ခိုက်နေမှုများကိုရပ်တန့်ရန် ပါဝင်သည်။ မတ်လမှစ၍ လက်ဘနွန်ကို အစ္စရေး က တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၇၀၀ နီးပါး သေဆုံးထားသည်။ ထို့ပြင် အီရန်နှင့်အစ္စရေးတို့သည် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက် ပထမဆုံးအနေဖြင့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင် အပြန်အလှန် တိုက်ခိုက်မှု များ လုပ်ဆောင်သည်။ ယခုအခါ အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုကို ရပ်တန့်ထားပြီဟု ကြေညာထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Jun

ADVERTISE HERE .