အမေရိကန်၏တင်းကျပ်သော ပိတ်ဆို့မှုများကြောင့် ကျူးဘားနိုင်ငံ၌ ကလေးငယ်များစွာသေဆုံးနေရဟု ကုလသမဂ္ဂသတိပေး

10 Jun

အမေရိကန်အစိုးရ၏တင်းကျပ်သောပိတ်ဆို့မှုများကြောင့်ကျူးဘားနိုင်ငံ၌ရှိသောကလေးငယ်များ သေဆုံး နေရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် မွေးကင်းစကလေးငယ်များသေဆုံးမှု မြင့်တက်ကာ ကင်ဆာရောဂါ ဖြစ်နေ သည့် ကလေးငယ်များ၏အသက်ရှင်သန်နိုင်သည့်နှုန်းသည်လည်း ကျဆင်းလာကြောင်း ကုလသမဂ္ဂက သတိပေး ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့သည် ကျူးဘားအစိုးရအပေါ် ဖိအားပေးသည့် အနေ ဖြင့် ယင်းနိုင်ငံသို့ လောင်စာဆီဝင်ရောက်မှုအားလုံးနီးပါးကို ဖြတ်တောက်ထားသည့်အတွက် အဆိုပါကျွန်းနိုင်ငံ တွင်ရှိသော ပြည်သူ ၁၀ သန်းကျော်မှာ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခြင်း မရှိကြောင်း ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်ကာတာ့က ပြောသည်။ လောင်စာဆီ ဖြတ်တောက်မှုများအပါအဝင် အခြားသောပိတ်ဆို့ကန့်သတ်မှုများသည် ကျူးဘားပြည်သူ များအပေါ် တိုက်ရိုက်သက်ရောက်နေကြောင်း၊ ဆရာဝန်များအနေဖြင့် အရေးကြီးသောဆေးပစ္စည်းများကို အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် ကလေးငယ်များသေဆုံးနေရခြင်းဖြစ်ပြီး ထိုသို့ဖြစ်ပေါ်နေမှုကို လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် အဆိုပါ ပိတ်ဆို့မှုများကို ချက်ချင်းရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက ပြောသည်။ အမေရိကန်အစိုးရက ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များကို ကန့်သတ်ထားခြင်းမရှိကြောင်းပြောထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Jun

ADVERTISE HERE .