“နည်းပြ ဒက်ချမ့် ရဲ့ နောက်ဆုံးပြိုင်ပွဲကို ဆုဖလားနဲ့ အဆုံးသတ်လိုတယ်လို့ပြောခဲ့တဲ့ ဒမ်ဘီလီ”

09 Jun

ပြင်သစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီ က လက်ရွေးစင်နည်းပြ ဒက်ချမ့် ရဲ့ နောက်ဆုံးပြိုင်ပွဲကို ဆုဖလားအောင်ပွဲနဲ့ အဆုံးသတ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၅၇ နှစ်ရှိ ဒက်ချမ့် က ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ ဒက်ချမ့် က ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့အတွက် စပိန်ရဲ့နောက် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ (NVS 008)

09 Jun

ADVERTISE HERE .