“မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁)မှ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့”

09 Jun

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ် ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းမှာ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ အိန္ဒိယ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့်တွေ့ဆုံခဲ့ပါတယ်။ အဆိုပါစက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်မှာစတင်လည်ပတ် ခဲ့ပြီး လက်ရှိအချိန်မှာ လေးထောင့်ပုံ သံမဏိချောင်းများကို တန် ၂၈,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သံရည်ကျိုအလုပ်ရုံ အမှတ်(၂) လည်ပတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပညာရှင်များနှင့် စက်ရုံမှ ပညာရှင်များပူးပေါင်းကာ စက်ပစ္စည်းများကို စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ယင်းလုပ်ငန်းစဉ်များမှတစ်ဆင့် သံရည်ကျိုအလုပ်ရုံကို စတင်လည်ပတ်နိုင်ပြီဖြစ်ပြီး သံမဏိပြားများ (Slab) ကိုလည်း ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက် နိုင်ရေးအတွက်ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံမှ ပညာရှင်များ၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ဆောင်ရွက်ထားမှုနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .