“ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်”

09 Jun

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိတဲ့ လေကြောင်းခရီးစဉ်များကို လာမည့်ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်ကို ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းများထံမှ သိရပါတယ်။ ကွမ်ကျိုး-ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြေးဆွဲလျက်ရှိတဲ့ China Southern Airlines က လက်ရှိ နေ့စဉ်ပျံသန်းပြေးဆွဲနေရာမှ ဇွန်လ ၁၅ ရက်မှစတင်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များမှာ ထပ်မံခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အခုလိုတိုးချဲ့ပြေးဆွဲပြီးနောက် ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် စုစုပေါင်း ၁၀ ကြိမ်အထိ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)သည် လည်း ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်ကို လက်ရှိ တစ်ပတ်လျှင် လေးကြိမ် ပြေးဆွဲနေရာမှ ဇွန်လ ၃၀ ရက်မှစတင်၍ နေ့စဉ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလာခြင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးများ ပိုမိုတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းများက သုံးသပ်ထားကြပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .