“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်များကို နှစ်ရှည်ငှားရမ်းမည်”

09 Jun

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် ၁၂ ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုမြေကွက် ၁၂ ကွက်ကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမှာဖြစ်ပါတယ်။ ငှားရမ်းလိုသောကုမ္ပဏီများအနေနဲ့ တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်မှာ ဝယ်ယူနိုင်ကြောင်း တင်ဒါကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .