“အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်”

09 Jun

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ညပိုင်းက မိုးရွာသွန်းမှုကြောင့် ‌‌ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တဲ့ အလုံမြို့နယ်နှင့် စမ်းချောင်း မြို့နယ်တို့ရှိ ရေမြောင်းများကို ရန်ကုန်မြို့တော်စည်ပင်က ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးထား ကြောင်း သိရပါတယ်။ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ ရေနုတ်မြောင်း၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာရေမြောင်း၊ ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်းရှိ အောင်ချမ်းသာရေနုတ်မြောင်းတို့အတွင်းမှာ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များအား ဆယ်ယူ ရှင်းလင်းထားရှိမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင် က ဇွန်လ ၇ ရက်မှာ ကြည့်ရှုူစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်-ပုသိမ် ကားလမ်း ဘေးမှာ မြေယာရှုခင်းများဆောင်ရွက်ရန် မြေပြုပြင်လျက်ရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .