“ဖိလစ်ပိုင်နိုင်ငံ၌ အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူ ၃၅ ဦးသေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျ”

09 Jun

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆာရန်ဂါနီပြည်နယ်၌ ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးကာ စာသင်ကျောင်းများနှင့် လေကြောင်းလိုင်းများကို ယာယီရပ်ဆိုင်းထားရကြောင်း တာဝန်ရှိသူများ က ပြောသည်။ ငလျင်ကြောင့် အိမ်နီးချင်းနိုင်ငံအချို့၌ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်း တွင် ထုတ်ပြန်ချက်ကိုပြန်လည်ရုပ်သိမ်းခဲ့သည်။ လူဦးရေခုနစ်သိန်းကျော်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည့် ဂျန်နရယ် ဆန်းတို့တွင် သေဆုံးသူ ၁၀ ဦးရှိပြီး လက်ရှိအချိန်ထိအနည်းဆုံးလူ ၁၂ ဦး ပျောက်ဆုံးကြောင်း ဖိလစ်ပိုင်၏ အရပ်ဘက်ကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျူနီကာ့စတီလိုက ပြောသည်။ သေဆုံးမှုများမှာ အဆောက်အအုံ အပျက်အစီးများပိမိခြင်း၊ မြေပြိုခြင်းတို့ကြောင့်ဖြစ်ပြီး လူပေါင်း ၁၃၄ ဦး ထက်မနည်း ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ငလျင်လှုပ်ခတ်ချိန်က စာသင်ကျောင်းများ ပြန်ဖွင့်သည့်အချိန်နှင့်တိုက်ဆိုင်နေသဖြင့် ဂျန်နရယ်ဆန်းတို့ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ခု ပြိုကျသည့်နေရာ၌ ကျောင်းသားအချို့ ပိတ်မိနေသည်။ လက်ရှိတွင် စာသင်ကျောင်းပေါင်း ၅,၈၀၀ ကျော်ကို အရေးပေါ် ပိတ်ထားရ သည်။ ယခုလှုပ်ခတ်သည့် ငလျင်၏ဗဟိုချက်သည် မင်ဒါနာအိုပြည်နယ်ရှိ ရေပြင်အောက်အနက် ၃၃ ကီလိုမီတာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

09 Jun

ADVERTISE HERE .