“ချယ်လ်ဆီးအသင်းက ကိုးလ်ပယ်မာ၊ ဂျာအိုပက်ဒရို နှင့် ကိုင်စီဒို တို့ကို ရောင်းချမည်မဟုတ်ကြောင်း အတည်ပြု ကြေညာ”

06 Jun

ချယ်လ်ဆီးအသင်းက အဓိက ကစားသမားများဖြစ်သည့် ကိုးလ်ပယ်မာ၊ ဂျာအိုပက်ဒရို နှင့် ကိုင်စီဒို တို့ကို ရောင်းချမည်မဟုတ်ဘဲ ကမ်းလှမ်းမှုအားလုံးကို ပယ်ချမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ လာမည့်ဘောလုံးရာသီတွင် ဥရောပအဆင့်ပြိုင်ပွဲများဝင်ခွင့်နဲ့ လွဲချော်ရပြီးနောက် အဓိက ကစားသမားတချို့က အသင်းမှထွက်ခွာရန် ပြင်ဆင်နေသလို ထိပ်တန်းအသင်းကြီးများကလည်း အခွင့် ကောင်းယူပြီး ချယ်လ်ဆီးအသင်းမှ ကစားသမားတချို့ကို ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ကိုးလ်ပယ်မာ က ချယ်လ်ဆီးအသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသော်လည်း ချယ်လ်ဆီးအသင်းက အသင်း၌သာ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်လူ ကိုင်စီဒို နှင့် တိုက်စစ်ကစားသမား ဂျာအိုပက်ဒရို တို့ကလည်း အသင်းတွင် အရေးပါသည့် ကစားသမားများအဖြစ် ပါဝင်နေတဲ့အတွက် ချယ်လ်ဆီးအသင်းက အသင်း၌ ဆက်လက်ထိန်းထားမှာဖြစ်ပါတယ်။ လက်ရှိတွင် ချယ်လ်ဆီးအသင်းမှ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော အဓိက ကစားသမားများ ဖြစ်သည့် အန်ဇိုဖာနန်ဒက် နှင့် ကူကူရယ်လာ တို့နှစ်ဦးကိုတော့ သင့်လျော်တဲ့ပြောင်းရွှေ့ကြေးရရှိပါက လက်ခံ ဆွေးနွေးဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

06 Jun

ADVERTISE HERE .