“မန်ယူအသင်းက အတ္တလန္တာအသင်း ကွင်းလယ်ကစားသမား အီဒါဆန် ကို ခေါ်ယူရန် သဘောတူညီမှုရရှိ”
06 Jun
မန်ယူအသင်းက အတ္တလန္တာအသင်း ကွင်းလယ်ကစားသမား အီဒါဆန် ကိုခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား အီဒါဆန် က မန်ယူအသင်းနှင့်အတူ လေးနှစ်အပြင် တစ်နှစ်သက်တမ်းတိုးခွင့်ရှိ စာချုပ်ကို ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ကွင်းလယ်ကစားသမား အီဒါဆန် အနေနဲ့ အတ္တလန္တာအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၈၀ ကစားပြီး ၁၆ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အီဒါဆန် ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် နောက်ထပ် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား မားသီးယပ်စ်ဖာနန်ဒက်ဇ် ကိုလည်း ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)
06 Jun