“မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ(MOU)ရေးထိုး”

06 Jun

မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ နားလည်မှု စာချွန်လွှာ(MOU)ရေးထိုးခြင်းကို ဇွန်လ ၅ ရက်တွင် ရုရှားနိုင်ငံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံတွင်ကျင်းသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးညိုစော က ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် ရုရှား-အာဆီယံစီးပွားရေးကောင်စီ (Russia-ASEAN Business Council) ဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါစင်တာ၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီတို့အကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တို့အပါအဝင် ကဏ္ဍစုံ ကျယ်ပြန့်စွာပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ(MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Inter RAO ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ဒုတိယသမ္မတနှင့် ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ ရှေ့မှောက်တွင် လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြောင်း သိရပါတယ်။(NVS 004)

06 Jun

ADVERTISE HERE .