“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ ထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား ကြည့်ရှုစစ်ဆေး”

06 Jun

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြု ထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက်ကြည့်ရှုခဲ့ပါတယ်။ နိုင်ငံတော်သမ္မတအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြု ထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီးနှံမျိုးများအား မျိုးစေ့များအလိုက် သုတေသနပြု ထုတ်လုပ် လျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြမှုများအပေါ် မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ‌ဈေးကွက်ဝင် အရည်အသွေးရှိသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ် တို့အပါအဝင် ပဲအမျိုးမျိုးကို တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်ရရှိမှု ပိုမိုခိုင်မြဲစေရေးအတွက် ပဲများ၏အရည်အသွေးထိန်းသိမ်းခြင်း၊ ပိုမို ကောင်းမွန်လာအောင် စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပဲမျိုးစုံ သီးနှံများသည် ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ဖြင့် ဝင်ငွေရရှိပြီး စီးပွားရေးအရ အရေးပါသည့် သီးနှံများဖြစ်သည့်အတွက် ဒေသနှင့်သင့်တော်ကိုက်ညီသည့် အထွက်ကောင်းမျိုး၊ ရောဂါဒဏ်ခံနိုင်သောမျိုး၊ ဈေးကွက်ရရှိသည့်မျိုးများကို စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လက်ရှိပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသော ပဲမျိုးစုံအနေဖြင့် အရည်အသွေးအားဖြင့် ကောင်းမွန်မှုရှိသော်လည်း အခြားနိုင်ငံများမှ ပဲများနှင့်နှိုင်းယှဉ်ပါက လိုအပ်ချက်များရှိနေကြောင်း၊ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင်အဆင်း၊ အရသာ စသည့် သုံးမျိုးလုံးကောင်းမွန်နေရန် လိုကြောင်း၊ ‌ဒေသအလိုက် ရေမြေသဘာဝတူညီမှု ရှိမည်မဟုတ်သဖြင့် အရွယ်အစား၊ အရောင်အဆင်း၊ အရသာ များသည် ကွဲပြားခြားနားမှု ရှိနိုင်မှာဖြစ်လို့ ဒေသအလိုက်ကိုက်ညီမည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များကိုလည်း ဆက်လက်တိုးချဲ့ ထုတ်လုပ်သွားနိုင်ရန် လိုကြောင်း၊ စိုက်ဧကတိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်တွင်း၌သာ စဉ်ဆက်မပြတ်သုတေသနပြု ထုတ်လုပ် သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ဧက အများအပြားရှိသော်လည်း အထွက်နှုန်းလျော့နည်းလျက်ရှိသည့် ဒေသများသို့ သုတေသနအဖွဲ့များ စေလွှတ်၍ အချိန်ယူသုတေသနပြု အဖြေရှာဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ သီးနှံ များအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက်များများရောင်းချနိုင်ရေး ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပါတယ်။(NVS 004)

06 Jun

ADVERTISE HERE .