“ Princess of Asturias ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့တဲ့ မက်ဆီ”
05 Jun
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဟာ Princess of Asturias ဂုဏ်ထူးဆောင်ဘွဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။ Princess of Asturias Awards ဟာ စပိန်တော်ဝင်မျိုးနွယ်တွေက ချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဘွဲ့လည်း ဖြစ်ပါတယ်။ Princess of Asturias Awards ကို စပိန်အိမ်ရှေ့မင်းသားနန်းမတက်ခင် ၁၉၈၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Prince of Asturias Awards အမည်နဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ က အခုဆုလက်ခံရရှိလို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း အာဂျင်တီးနားအသင်းရဲ့လေ့ကျင့်ရေးစခန်းကနေ ဗီဒီယိုဖိုင်နဲ့ ပြောကြားခဲ့ပါတယ်။ Princess of Asturias Awards ဟာ အနုပညာ၊ စာကြည့်တိုက်၊ လူမှုသိပ္ပံ၊ သိပ္ပံပညာရပ်၊ နည်းပညာသုတေသန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ အားကစားကဏ္ဍတွေအတွက် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဟာ Princess of Asturias Awards ဆုကို ဘောလုံးသမားတွေထဲက ပထမဆုံးတစ်ဦးချင်း ဆွတ်ခူးတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က စပိန်ကွင်းလယ်လူဟောင်း ဇာဗီ နဲ့ ဂိုးသမားဟောင်း ကာဆီးလက်စ် တို့က ပူးတွဲရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းကနေ ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)