“ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ်ရှိနေတဲ့ ဆာလီဘာ”

05 Jun

အာဆင်နယ်အသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာလီဘာ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေပါတယ်။ ဆာလီဘာ အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက ကျောဒဏ်ရာ ခံစားနေရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပါက ဆာလီဘာ အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး ရေပန်းအစားဆုံး ပြင်သစ်အသင်း အတွက်လည်း နစ်နာစေနိုင်ပါတယ်။ ဆာလီဘာ ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၆၃ ပွဲ ကစားပေးခဲ့ပါတယ်။ ပြင်သစ်အသင်းမှာ အခြားနောက်ခံလူတွေအဖြစ် ဒစ်ဂ်နေး၊ ဂူစတို၊ လူးကပ်စ် ဟာနန်ဒက်ဇ်၊ သီယိုဟာနန်ဒက်ဇ်၊ ကိုနာတေ၊ ခွန်ဒဲ၊ လာခရော့နဲ့ အူပါမယ်ကာနိုတို့ကို ရွေးချယ်ထားပါတယ်။ ပြင်သစ်အသင်းဟာ အုပ်စု (I) မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .