“ဂါနာအသင်းက ပါတေး ကို ရွေးချယ်မှုအပေါ် ကာကွယ်ပြောကြားခဲ့တဲ့ နည်းပြ ကွီရော့ဇ်”

05 Jun

ဂါနာအသင်းနည်းပြ ကားလို့စ်ကွီရော့ဇ် က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွေးစင်အသင်းလူစာရင်းမှာ ကွင်းလယ်လူ ပါတေး ကို ရွေးချယ်မှုအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ လက်ရှိဗီလာရီးရဲလ်အသင်းမှာ ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အကြား မုဒိမ်းမှုစွဲချက် ခုနစ်ခု၊ လိင်အကြမ်းဖက်မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုခံထားရပါတယ်။ ပါတေး က သူ့အပေါ်စွဲချက်အားလုံးကို ငြင်းဆန်ထားခဲ့ပါတယ်။ ပါတေး ရဲ့အမှုပေါ်စစ်ဆေးကြားနာမှုကို နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့ရှိပေမယ့် ၂၀၂၇ ခုနှစ်အထိလည်း ရွှေ့ဆိုင်းနိုင်ခဲ့ပါတယ်။ ကွီရော့ဇ် က ပါတေးအပေါ် စွဲချက်တွေကို ဆုံးဖြတ်ရမှာက တရားရုံးကိစ္စပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .