“MNL U-20 Week-3 ပွဲစဉ်များ ဇွန်လ ၅ ရက်တွင် စတင်မည်”

05 Jun

ယခုနှစ်ဘောလုံးရာသီ MNL U-20 League 2026 ၏ Week-3 ပွဲစဉ်များကို ဇွန်လ ၅ ရက်(ယနေ့)မှ စတင်ကာ ကျင်းပသွားတော့မည်ဖြစ်တယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ယခု Week- 3 မှာ အမှတ်ပေးဇယား အပြောင်းအလဲဖြစ်စေနိုင်တဲ့ အကြိတ်အနယ်ပွဲစဉ်များပါဝင်နေပြီး အဓိကစောင့်ကြည့်ရမည့် ပွဲစဉ်များအနေနဲ့ ၂ ပွဲကစား ၂ ပွဲနိုင်ရလဒ်ဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ Galaxy FC နှင့် အမှတ်ပေးဇယားအဆင့် (၃)နေရာ၌ ရပ်တည်နေသည့် ISPE FC တို့ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ အလားတူ နိုင်ပွဲရရှိရန် ရုန်းကန်နေရတဲ့ နာမည်ကြီး ဒဂုံစတားယူနိုက်တက်နှင့် Falcon FC တို့၏ ပွဲစဉ်အပါအဝင် ရလဒ်ကောင်းရရှိရန် ကြိုးစားနေသည့် ရတနာပုံFCနှင့် မြဝတီFC တို့လည်းထိပ်တိုက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်နှင့် ရန်ကုန်စီးတီးအသင်း၊ ချင်းလန်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့လည်း ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်ပါတယ်။ (NVS 008)

05 Jun

ADVERTISE HERE .