“အမေရိကန်စစ်သည်များသေဆုံးလျှင် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ပြန်သုံးသပ်မည်ဟုဆို”

05 Jun

အီရန်ကြောင့် အမေရိကန်စစ်သည်များ သေဆုံးမှုရှိလာလျှင် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ပြန်သုံးသပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြထားသည်။ အမေရိကန်နှင့်အီရန်တို့ကြား အပတ်စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနေ သော်လည်း ပြီးခဲ့သည့်ဧပြီလတွင် ရရှိထားသည့် အားနည်းသောအပစ်အခတ်ရပ်စဲရေးသည် လက်ရှိအချိန်အထိ တည်မြဲနေဆဲ ဖြစ်သည်။ မကြာသေးမီက အမေရိကန်သည် အီရန်ရှိကက်ကျွန်းကို ဗုံးကြဲတိုက်ခိုက်ချိန်၌ အီရန် ကလည်း အမေရိကန် စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်သဖြင့် နှစ်နိုင်ငံကြား အပြင်းထန်ဆုံးသော ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာသည်။ ယခုကဲ့သို့ စစ်ရေးတင်းမာမှု ဆက်တိုက်ဖြစ်ပွားနေခြင်းက ထရမ့် အပေါ် ဖိအားများ ပိုမိုကြီးထွားလာစေပြီး အပစ်ရပ်စဲရေးမှာ မည်မျှအထိ ရေရှည်တည်တံ့နိုင်မည်နည်းဆိုသည့် မေးခွန်းများထွက်ပေါ်လာကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထရမ့်အစိုးရသည် အီရန်နှင့် ရက် ၆၀ ခန့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် မူဘောင်တစ်ခုဖြစ်သည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ရေးကြိုးပမ်းလျက်ရှိသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Jun

ADVERTISE HERE .