“ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားတဲ့ နိုင်ငံခြားငွေများကို စားသုံးဆီတင်သွင်းမှုနှင့် အခြားကဏ္ဍ များသို့ ရောင်းချပေး”

05 Jun

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားတဲ့ နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၈၉၃,၆၈၇ ဒသမ ၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃,၀၀၃ ‌ဒေါ်လာကို CMP ကုမ္ပဏီများထံသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄၈,၂၅၀ ကို Non Trade Transaction များအတွက်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ FX Trading မှာ နိုင်ငံခြားငွေဝယ်ယူရရှိမှုအနေနဲ့ စားသုံးဆီကဏ္ဍမှ ၂၀ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ခဲ့ပြီး၊ စက်သုံးဆီကဏ္ဍမှ ၁၉ ရာခိုင်နှုန်း၊ ဆေးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်းများမှ ၁၀ ရာခိုင်နှုန်း၊ စားသုံးကုန်စည်မှ ၁၀ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်မှုကုန်ကြမ်းမှ ၃ ရာခိုင်နှုန်း၊ ထုတ်ပိုးမှု ပစ္စည်းများမှ ၃ ရာခိုင်နှုန်း၊ တိရိစ္ဆာန်အစာမှ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာနှင့် စက္ကူကဏ္ဍများမှ ၂ ရာခိုင်နှုန်းစီ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများမှ ၁ ရာခိုင်နှုန်းစီ ဝယ်ယူရရှိခဲ့ကြောင်း ဖော်ပြထား ပါတယ်။ အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များမှ ၂၆ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .