“ပေါင်မြို့နယ်မှာ ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်”

05 Jun

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မှာ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုနဲ့ ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြပါတယ်။ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သ‌င်္ဘောဆိပ်ဟောင်းမှာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ သန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်/မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်‌ခြေနီအသင်းအဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အခုဆောင်ရွက်ရာမှာ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမယ့် လုပ်ငန်းများနှင့် မုန်တိုင်းဘေးအန္တရာယ်ခံစားရသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ ရေပြင်အသက် ကယ်ဆယ်ခြင်း၊ ထိခိုက်သူများကို ရှေးဦးပြုစုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိမိတို့၏ ဘေးကင်းလုံခြုံရေး သတိပြုခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခြင်း စသည်တို့ကို သရုပ်ပြသ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .