“ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် အခြားကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေး”
05 Jun
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစော က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum – SPIEF 2026)သို့တက်ရောက်နေစဉ် ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေး မှူး H.E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ကို သီးခြားစီလက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ်မှာ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investments) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာမှာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ စိုက်ပျိုးရေး၊ သတ္တု၊ ကုန်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါကဏ္ဍများမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းများ၏ လက်ရှိအခြေအနေများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)