“ဆူးလေမှ ဒလ (ချယ်ရီသင်္ဘောဆိပ်) ကို YBS လိုင်း ထပ်မံပြေးဆွဲပေး”

05 Jun

ဆူးလေမှ ဒလသို့ ပြေးဆွဲလျက်ရှိတဲ့ လမ်းကြောင်းများထဲမှ နောက်ထပ်လမ်းကြောင်းအဖြစ် ဆူးလေမှ ဒလ (ချယ်ရီသင်္ဘောဆိပ်) ကို YBS လိုင်း ထပ်မံပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။ အခုလိုပြေးဆွဲပေးခြင်းကြောင့် ပြည်သူများအနေနဲ့ ချယ်ရီသင်္ဘောဆိပ်မှ မိုးရာသီသဗ္ဗာန်စီးပြီး မြစ်ကူးရမည့် အန္တရာယ်ကို လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ယခုပြေးဆွဲပေးမယ့် ဂိတ်များမှာ ဆူးလေ-အနော်ရထာလမ်း - လမ်း (၃၀)- ကုန်ဈေးတန်း-လသာ- အရေးပေါ်- ဒလ - တွံတေးလမ်းဆုံ- ဆရာစံ- ဗိုလ်ချုပ်ပန်းခြံ- ဒလစာတိုက် -ချယ်ရီသင်္ဘောဆိပ် ဖြစ်ပါတယ်။ ထို့အတူ ဒလစာတိုက်- ဗိုလ်ချုပ်ပန်းခြံ- ဆရာစံ- ဒလ - တွံတေးလမ်း‌ဆုံ- အရေးပေါ်- မဟာဗန္ဓုလလမ်း- လသာသိမ်ကြီးဈေး- ဆူးလေ စတဲ့ ဂိတ်နေရာများသို့လည်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ အခုလိုပြေးဆွဲပေးခြင်းဖြင့် ချယ်ရီသင်္ဘောဆိပ်၊ ဆူးလေနှင့် တွံတေးသို့ သွားလာသူများပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပင် ဒလ- တွံတေးကိုလည်း YBS ယှဉ်လိုင်းမှ ပြေးဆွဲပေးနေပြီး လက်ရှိမှာ ဒလမှ ဆူးလေ၊ တွံတေး၊ ဗိုလ်တထောင်ဘုရား၊ တွံတေး၊ ပျော်ဘွယ်ကြီး စုစုပေါင်း ၅ လိုင်းအထိ ရှိနေပြီ ဖြစ်ပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .