“မြန်မာနိုင်ငံမှာ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်မည်”

05 Jun

မြန်မာနိုင်ငံတွင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့သည်။ အဲဒီလိုအကောင်အထည်ဖော်ခဲ့သော ကိုရီးယားနိုင်ငံရှိ Korea Saemaul Undong Center သို့ ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ဇွန်လ ၂ ရက်မှာ သွားရောက် လေ့လာခဲ့ရာ Secretary General Mr. Choi Hyong Jae က စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံမှာ ပြန်လည်အကောင်အထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .