“အီရန်စစ်ပွဲက ကလေးငယ်များအတွက် အသက်ကယ်ပစ္စည်းများပေးပို့မှုကို ခြိမ်းခြောက်နေ”

04 Jun

အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အခြေအနေများက ကလေးများအတွက် အသက် ကယ်ပစ္စည်းများပေးပို့မှုကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂကလေးငယ်များအေဂျင်စီက ဇွန်လ ၂ ရက်တွင် သတိပေးထားသည်။ အထူးသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ပျက်စီးခြင်းတို့ကြောင့်ဖြစ်ကြောင်း သတိပေးချက်တွင်ဖော်ပြထားသည်။ အီရန်စစ်ပွဲဖြစ်ပွားပြီးနောက် ရက် ၁၀၀ နီးပါးအကြာတွင် ပင်လယ်ကွေ့ဒေသရှိ ကုန်သွယ်ရေး လမ်းကြောင်းများအနီး မလုံခြုံမှုများကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် အာမခံနှုန်းထားများ မြင့်တက်လာ ကြောင်း၊ တစ်ချိန်တည်းမှာပင် သတ်မှတ်ဆိပ်ကမ်းမဟုတ်ဘဲ အခြားဆိပ်ကမ်းများတွင် ဆိုက်ကပ်ရသည့်အတွက် နှောင့်နှေးမှုများရှိကြောင်းနှင့် ထိုအခြေအနေများအားလုံးကြောင့် ကယ်ဆယ်ရေး ပစ္စည်းများပေးပို့မှုတွင် အဟန့်အတားဖြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယခုနှစ် ပထမသုံးလပတ်အတွင်းမှာပင် လေယာဉ်စင်းလုံးငှား သယ်ယူပို့ဆောင်ရေးအတွက် တစ်နှစ်စာ လှူဒါန်းမှုများ အားလုံးနီးပါးကို အသုံးပြုလိုက်ရကြောင်း၊ အဓိကအားဖြင့် ဂါဇာနှင့်လက်ဘနွန်သို့ ကယ်ဆယ်ရေး ပစ္စည်းများကို လေယာဉ်များဖြင့် ပေးပို့ရခြင်းဖြစ်ကြောင်း ST သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

04 Jun

ADVERTISE HERE .