“ပင်လယ်ကွေ့ဒေသအတွင်း တိုက်ခိုက်မှုများပြင်းထန်လာပြီး ကူဝိတ်လေဆိပ်ထိခိုက်မှုကြောင့် ရေနံဈေးနှုန်း များ မြင့်တက်လာ”

04 Jun

အမေရိကန်နှင့်အီရန်တို့ကြား သံတမန်ရေးအရဆွေးနွေးမှုများ ရှေ့မတိုးသာဖြစ်နေစဉ် ဇွန်လ ၃ ရက်တွင် ပင်လယ်ကွေ့ဒေသ၌တိုက်ခိုက်မှုများ ပြန်လည်ပြင်းထန်လာသည်။ အီရန်၏ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ကူဝိတ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ပျက်စီးရသလို အမေရိကန်စစ်ဘက်ကလည်း ဟော်မုရေလက်ကြားအနီး၌ တန်ပြန်စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ စစ်ပွဲစတင်ပြီး သုံးလကျော်အကြာတွင် ဖြစ်ပွားခဲ့သည့် ယခုနောက်ဆုံးတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာလည်း တစ်ရာခိုင်နှုန်းကျော် မြင့်တက်သွားသည်။ ကူဝိတ်လေဆိပ်၏ အဆောက်အအုံကို အီရန်၏ဒရုန်းနှင့် ဒုံးကျည်များ ထိမှန်သဖြင့် လေကြောင်းလိုင်းများအားလုံး ဆိုင်းငံ့လိုက်ရပြီး ခရီးစဉ်များကို လွှဲပြောင်းပေးခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများရှိပြီး လေဆိပ်အဆောက်အအုံမှာ ဆိုးဆိုးရွားရွားပျက်စီးသွားကြောင်း ကူဝိတ်နိုင်ငံပိုင်သတင်းဌာနကဖော်ပြသည်။ တစ်ချိန်တည်းမှာပင် ဘာရိန်းနိုင်ငံကလည်း ၎င်းတို့ထံဦးတည်လာသည့် အီရန်ဒုံးကျည်သုံးစင်းနှင့်ဒရုန်းများ ကို ကြားဖြတ်ပစ်ချလိုက်ရကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ် (CENTCOM) ၏အဆိုအရ အမေရိကန်စစ်ဘက်သည် ကုန်တင်သင်္ဘောများနှင့်ကူဝိတ်ရှိ အမေရိကန်တပ်ဖွဲ့များထံ ဦးတည်လာ သည့် အီရန်ဒရုန်းများကို ဖျက်ဆီးနိုင်ပြီး ဟော်မုရေလက်ကြားအနီး ကက်ကျွန်းပေါ်ရှိ အီရန်စစ်စခန်းများကိုလည်း တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း BP သတင်းဌာနဖော်ပြချက်အရသိရသည်။

04 Jun

ADVERTISE HERE .