“ဘေးကင်းလုံခြုံမှုဆိုင်ရာစီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ”

04 Jun

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်တဲ့ “ဘေးကင်းလုံခြုံမှုဆိုင်ရာစီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲကို မေလ ၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel မှာပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Delegation Ms.Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Movement Cooperation Specialist ဒေါ်အေးသန္တာထွန်း တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာစီမံခန့်ခွဲရေးတာဝန်ခံ ဦးအောင်နိုင်လွင် က ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းပြီးမြောက်အောင်မြင်မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဘေးကင်းလုံခြုံမှု ဆိုင်ရာစီမံခန့်ခွဲမှုအကောင်းဆုံးဆု၊ ချိတ်ဆက်ညှိနှိုင်းမှု အကောင်းဆုံးဆု၊ အသိပညာပေးမှုနှင့် အစီအစဉ်ရေးဆွဲမှု အကောင်းဆုံးဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ (NVS 004)

04 Jun

ADVERTISE HERE .