“ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ”

04 Jun

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့တဲ့အချိန်မှာ ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရ နေကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့မှုက ဇွန်လကုန်တွင် ပြီးဆုံးမှာဖြစ်ပြီး လက်ရှိကာလမှာ ပြောင်းတင်သင်္ဘောများနဲ့ တင်ပို့လျက်ရှိပါတယ်။ လက်ရှိသီလဝါဆိပ်ကမ်းမှာ ပြောင်းတစ်ပိဿာကို ကျပ် ၁,၉၅၀ ခန့်ပေါက်ဈေးရှိနေပြီး ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများမှာ တစ်ပိဿာလျှင် ကျပ် ၁,၉၂၀ မှ ၁,၉၃၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့မှုကို ယခင်ကပင်လယ်ရေကြောင်းမှသာ အဓိကတင်ပို့ နေခဲ့ပေမယ့် မေလကုန်ပိုင်းမှစတင်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ တာချီလိတ်မှလည်း အနည်းငယ် ပြန်လည်တင်ပို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပြောင်းလိုအပ်ချက် မြင့်တက်နေပြီး မြန်မာပြောင်းဝယ်ယူမှု တိုးလာနိုင်သဖြင့် ပြောင်းတင်ပို့မှုကာလပြီးဆုံးတဲ့နောက်ပိုင်းမှာ နယ်စပ်မှတစ်ဆင့် ဆက်လက်တင်ပို့နိုင်ခြေရှိကြောင်း ပြောင်းကုန်သည်များက သုံးသပ်ထားပါတယ်။ မေလ ၃၀ ရက်မှာ FOB ပြောင်းတစ်တန်ကို အမေရိကန်ဒေါ်လာ ၂၇၀ ကျော်မှ ၂၈၅ ဒေါ်လာကျော်အထိ ပေါက်ဈေးရှိလာပြီး ရန်ကုန်ဆိပ်ကမ်းဈေးမှာ ပြောင်းတစ်ပိဿာကို ကျပ် ၁,၉၂၀ မှ ၁,၉၅၀ အထိ ဈေးမြင့်တက်လာပါတယ်။ (NVS 004)

04 Jun

ADVERTISE HERE .