“ကျိုင်းတောင်းရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံရှိ စက်များကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေ”
04 Jun
ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် နမ့်တိမ်ချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက စက်သုံးလုံးကို အလှည့်ကျမောင်းနှင်ပြီး ပြုပြင်ဆောင်ရွက်ခြင်းများ လုပ်ဆောင် နေကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ် နွေရာသီကာလ ရေဝင်ရောက်မှုအခြေအနေမှာ ဓာတ်အားပေးစက်ရုံရဲ့ ဓာတ်အားပေးစက် နှစ်လုံးသာမောင်းနှင်နိုင်တဲ့ ရေပမာဏရှိတာကြောင့် စက်သုံးလုံးအနက်နှစ်လုံးကို အလှည့်ကျမောင်းနှင်နေခြင်းဖြစ်ပါ တယ်။ လာမယ့်မိုးရာသီ ရေဝင်များပြားလာမည့်ကာလမှာ စက်သုံးလုံးကို စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရန်နှင့် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး သုံးလုံးအနက် အမှတ်(၁)စက်ကို မေလ ၁၈ ရက်မှ ၂၈ ရက်အထိ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး အမှတ် (၂) ကို မေလ ၂၉ ရက်မှ ဇွန်လ ၇ ရက်အထိ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကနေ အသိပေးထားပါတယ်။ (NVS 004)