“မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ပျက်စီးထိခိုက်မှုမဖြစ်အောင် စနစ်တကျထားသိုရန် မှာကြား”
04 Jun
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ပြင်ဆင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲကို မေလ ၂ ရက်က ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုး တက်ရောက်ခဲ့ကြောင်း သိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲပေးစက်များစဟာ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်တဲ့အတွက် ထိန်းသိမ်းထားသိုရာမှာ လုံခြုံမှုရှိရန်၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးထိခိုက်မှုမဖြစ်အောင် စနစ်တကျထားသိုထိန်းသိမ်းကြရန်၊ ခြောက်လတစ်ကြိမ် စဉ်ဆက်မပြတ် ပုံမှန်စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ အဆိုပါသင်တန်းကို ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးရှိ ဝန်ထမ်းများအနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေး စက်များနှင့်စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်နှင့် မဲပေးစက်စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင်စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်း စုစုပေါင်းစက်အလုံးရေ ၅၅,၀၀၀ နီးပါး ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)