“အိန္ဒိယခရီးစဉ်သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ”
04 Jun
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိတဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်ညပိုင်းမှာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကို အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက် အိန္ဒိယသံရုံးတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက အိန္ဒိယ နိုင်ငံ၊ မွမ်ဘိုင်းမြို့မှ မြန်မာနိုင်ငံသို့ အထူးလေယာဥ်နဲ့ ပြန်လည်ထွက်ခွာချိန်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)