“မီကယ်လ်ဘရိုဟန်ဆန်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများ အပြိုင်စိတ်ဝင်စား”
03 Jun
ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်း တို့က နော်ဝေကလပ် ဘိုဒိုဂလင့်အသင်း တိုက်စစ်မှူး မီကယ်လ်ဘရိုဟန်ဆန် ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်မှူး မီကယ်လ်ဘရိုဟန်ဆန် ဟာ အနာဂတ်တွင်ထွန်းတောက်လာမည့် ကစား သမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အပြင် ဘိုဒိုဂလင့်အသင်းနှင့်အတူ ပြိုင်ပွဲ ၁၂ ပွဲအထိ ကစားပြီး ခုနစ်ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ ဘိုဒိုဂလင့်အသင်းက မီကယ်လ်ဘရိုဟန်ဆန် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေပါတယ်။(NVS 008)
03 Jun