“ယာဉ်မောင်းလိုင်စင်ဖြေဆိုမှုအတွက် ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ရုံးခွဲတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ပေးမည်”
03 Jun
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ယာဉ်မောင်းလိုင်စင် ဖြေဆို ခြင်းအား ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ရုံးခွဲတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာခြင်းခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်မောင်းလိုင်စင်ရယူလိုသူများအတွက် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းကို တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)တွင် Online Booking စနစ်ဖြင့် အလှည့်ကျဖြေဆိုစေခြင်းအား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအခါ ဖြေဆိုသူဦးရေ များပြားလာခြင်းကြောင့် လက်ရှိဆောင်ရွက်နေသည့် ရွာသာကြီးရုံးအပြင် ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးရုံးခွဲအား ဇွန်လ ၆ ရက်မှ စတင်ဖွင့်လှစ်၍ ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအနေဖြင့် မိမိတို့ဖြေဆိုလိုသည့် နီးစပ်ရာရုံးအား Online Booking ဖြင့် ရက်ချိန်းရယူကာ အချိန်ကုန်သက်သာစွာဖြင့် လွယ်ကူစွာသွားရောက်ဖြေဆိုနိုင်ပါကြောင်းနှင့် Online Booking ရယူခြင်းအတွက် www. rtad.gov.mm တွင် ဝင်ရောက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)