“ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ”
03 Junပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum - SPIEF 2026)သို့ တက်ရောက်ရန် ဇွန်လ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။(NVS 004)