အလွန်ပြင်းထန်သောအယ်နီညိုရာသီဥတုအတွက် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ထားရန် ကုလသမဂ္ဂ သတိပေး
03 Junဇွန်လနှင့် ဩဂုတ်လအတွင်း အယ်နီညိုရာသီဥတုဖြစ်နိုင်ခြေသည် ၈၀ ရာခိုင်နှုန်း အထိရှိနေသည့်အတွက် အလွန်ပြင်းထန် သည့် ရာသီဥတုအခြေအနေများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် အလွန်ပြင်းထန်သောအယ်နီညိုရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားသင့်ကြောင်း ကုလ သမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသဌာနက ဇွန်လ ၂ ရက်တွင်သတိပေးချက်ထုတ်ပြန်ထားသည်။ အပူပိုင်းပစိဖိတ်ဒေသထဲရှိ သမုဒ္ဒရာရေပြင်သည် ပုံမှန်မဟုတ်ဘဲပူနွေးလာခြင်းဖြစ်တာကြောင့် အယ်နီညိုအခြေအနေတွေ ဖြစ်ပေါ်လာနေပြီး ကမ္ဘာ့အပူချိန်နဲ့မိုးရွာသွန်းမှုပုံစံများအပေါ် ကြီးစွာသောသက်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ ထို့ပြင် ယခုဖြစ်ပေါ်မည့်အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အချို့နေရာများတွင် အလွန်အမင်း မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် အခြားသောနေရာများတွင် မိုးခေါင်ခြင်းတို့ဆိုးရွားစွာဖြစ်ပေါ်နိုင်ကြောင်း၊ မြေပြင် မှာသာမက သမုဒ္ဒရာထဲတွင်ပါ အပူလှိုင်းများဖြစ်ပေါ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသဌာန အကြီးအကဲ က ပြောသည်။ ပြင်းထန်မှုအသင့်အတင့်သာရှိသော အယ်နီညိုရာသီဥတုဖြစ်စဉ်သည်ပင် အချို့သော မိုးလေဝသဖြစ်စဉ်များကို ပြင်းထန်စေတတ်ကြောင်း၊ ယခုဖြစ်ပေါ်လာမည့် အယ်နီညိုရာသီဥတုဖြစ်စဉ်မှာ အလွန် ပြင်းထန်သောအဆင့်ရှိကြောင်း BP သတင်းဌာနဖော်ပြချက်အရသိရသည်။