“Yonex Bonn International 2026 ကြက်တောင်ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ သက်ထားသူဇာ”

02 Jun

မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဟာ Yonex Bonn International 2026 ကြက်တောင်ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ပါတယ်။ Yဝnex Bonn International 2026 ကြက်တောင်ပြိုင်ပွဲကို ပြီးခဲ့တဲ့မေလ ၂၇ ရက်ကနေ ၃၀ ရက်အထိ ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သက်ထားသူဇာ ဟာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ၃၂ ဦးအဆင့်ကနေ စတင်ယှဥ်ပြိုင်ကစားခဲ့ရပါတယ်။ ၃၂ ဦးအဆင့်မှာ တရုတ်တိုင်ပေကစားသမားကို ၂၁-၁၅၊ ၂၁-၂၀ မှတ်နဲ့ နှစ်ပွဲပြတ်၊ ၁၆ ဦးအဆင့်မှာ ၂၁-၁၉၊ ၂၁-၁၈ မှတ်နဲ့ နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်အဆင့်မှာ အိန္ဒိယကစားသမားကို ၂၁-၁၅၊ ၂၁-၁၅ မှတ်နဲ့ နှစ်ပွဲပြတ်တို့နဲ့အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကစားသမားကို ၂၁-၁၇၊ ၁၉-၂၁၊ ၂၁-၈ မှတ် ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ တရုတ်တိုင်ပေကစားသမားကို ၉-၂၁၊ ၂၁-၁၈၊ ၁၀-၂၁ မှတ်နဲ့ ရှုံးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ သက်ထားသူဇာ အနေနဲ့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က ကျင်းပနေတဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို စဥ်ဆက်မပြတ် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပါတယ်။ (NVS 008)

02 Jun

ADVERTISE HERE .