“မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်မြို့ရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကုန်ပစ္စည်းများ မြစ်ကြီးနားသို့ ဒုတိယအကြိမ် ရောက်ရှိ”
02 Jun
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုကုန်ပစ္စည်းများ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ်အဖြစ် မေလ ၃၁ ရက်က ရောက်ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းများမှာ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စက်သုံးဆီများလည်း ပါဝင်ပါတယ်။ အဆိုပါထောက်ပံ့ပစ္စည်းများကို မော်တော်ယာဉ်များ၊ မီးသတ်ကားများနဲ့ တင်ဆောင်ခဲ့ပြီး မေလ ၂၂ ရက်မှာ မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်များပေါ်မှာ ပါရှိလာတဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို သက်ဆိုင်ရာအခြေခံပညာကျောင်း များသို့၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့၊ မီးသတ်ကားများကို ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနသို့ အသီးသီး ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။ (NVS 004)