“ပန်ဆောင်မြို့မှာ စာသင်ကျောင်း ၁ ကျောင်းဖွင့်လှစ်သင်ကြား”
02 Jun
ဇွန်လ ၁ ရက် ကျောင်းများဖွင့်လှစ်တဲ့နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အခြေခံပညာစာသင်ကျောင်း တစ် ကျောင်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့နယ်တွင်လည်း အ.ထ.ကကျောင်း (၁၃) ကျောင်း၊ အ.ထ.က (ခွဲ) (၉) ကျောင်း၊ အ.လ.ကကျောင်း (၂) ကျောင်း၊ အ.လ.က (ခွဲ) (၁၀) ကျောင်း၊ အ.မ.က (လွန်) ကျောင်း (၁၇) ကျောင်း၊ အ.မ.ကကျောင်း (၅၀) ကျောင်း ကိုယ်ပိုင်ကျောင်း (၁၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၁၁) ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးနှောင့်နှေးမှု မရှိစေရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကုန်ဆုံးသွားပေမယ့် ကျောင်းအပ်နှံလိုသူများကို ဆက်လက် လက်ခံပေးလျက် ရှိကြောင်း သိရပါတယ်။ (NVS 004)
02 Jun