“ရန်ကုန်-ဂွမ်ကျိုး ခရီးစဉ်ကို ဇွန် ၃၀ ရက်မှစတင်၍ နေ့စဉ်ပျံသန်းပြေးဆွဲမည်”
02 Jun
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) က တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် အပန်းဖြေမြို့တော်ဖြစ်တဲ့ ဂွမ်ကျိုးမြို့သို့ လာမည့်ဇွန်လ ၃၀ ရက်မှစတင်၍ ရန်ကုန်-ဂွမ်ကျိုးခရီးစဥ်အဖြစ် နေ့စဥ်တိုက်ရိုက် ပျံသန်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ MAI က ရန်ကုန်-ဂွမ်ကျိုး တိုက်ရိုက်ခရီးစဥ်အား တစ်ပတ်ကို ၄ ကြိမ် ပျံသန်းပြေးဆွဲလျက် ရှိရာမှ ဂွမ်ကျိုးမြို့သို့ ခရီးသွားလာမည့်သူများပိုမိုအဆင်ပြေစွာသွားလာနိုင်စေရန်အတွက် ထပ်တိုးပျံသန်းပြေးဆွဲရန် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂွမ်ကျိုးမြို့ရှိ ကမ္ဘာကျော် Chimelong Resort က စိတ်လှုပ်ရှားဖွယ်ရာကစားကွင်းများ၊ တောရိုင်း တိရစ္ဆာန်များကို အနီးကပ်လေ့လာနိုင်မည့်အတွေ့အကြုံများနှင့် ဖျော်ဖြေပွဲများကို တစ်နေရာတည်းမှာ စုံစုံလင်လင် ခံစားနိုင်မည့် အားလပ်ရက်အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ (NVS 004)
02 Jun