“မြဝတီခရိုင်အတွင်း စာသင်ကျောင်း ၈၆ ကျောင်းဖွင့်လှစ်”

02 Jun

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ဇွန်လ ၁ ရက်ကစတင်တဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ စာသင်ကျောင်း ၈၆ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။ အခြေခံပညာကျောင်း ၇၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ပုဂ္ဂလိက ပညာသင် ကျောင်း ၇ ကျောင်း စုစုပေါင်း ၈၆ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းဖွင့်လှစ်တဲ့ ပထမနေ့မှာ ကျောင်းသား/သူများ အေးချမ်းစွာတက်ရောက်ပညာသင်ကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါသင်ကြားနေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြပါတယ်။ မြဝတီခရိုင်အတွင်း အခြေခံပညာကျောင်း ၁၀၅ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း ၇ ကျောင်း စုစုပေါင်း ၁၁၇ ကျောင်းအနက် ၈၆ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)

02 Jun

ADVERTISE HERE .