“၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ကျင်းပပြုလုပ်မည်”
01 Jun
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများ အကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်၍ “၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲကို ဇွန်လ ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတန်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ခုနစ်ကားကို ပြသသွားမည်ဖြစ်ရာ ပြည်သူများအနေနဲ့ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။(NVS-004)
01 Jun