“Apparel Sourcing Paris 2026 တွင် မြန်မာ့အထည်ချုပ်ထုတ်ကုန်များ ပါဝင်ပြသမည်”

01 Jun

မြန်မာ့အထည်ချုပ်ထုတ်ကုန်များကို ဥရောပဝယ်ယူသူများနှင့် ချိတ်ဆက်နိုင်ရန် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Messe Frankfurt France မှ စီစဉ်ကျင်းပသော Apparel Sourcing Paris 2026 တွင် မြန်မာ့အထည်ချုပ်ထုတ်ကုန်များ ပါဝင်ပြသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ နိုင်ငံတကာ၌ ထုတ်ကုန်များကို အရောင်းမြှင့်တင်လိုသူများနှင့် စိတ်ပါဝင်စားသူများအား ပြပွဲသို့ လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်ထားရှိပြီး ပြပွဲ၌ နောက်ဆုံးပေါ်ထုတ်ကုန်များ၊ ဈေးကွက်လမ်းကြောင်းများနှင့် စီးပွားရေး ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ အခွင့်အလမ်းများကို တစ်နေရာတည်းတွင် စူးစမ်းလေ့လာနိုင်မည့်အပြင် Exhibitors များက အမှတ်တံဆိပ်ကိုသိရှိနားလည်မှု တိုးမြင့်လာစေခြင်း၊ စီးပွားရေးချိတ်ဆက်မှုများ တည်ဆောက်ခြင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်ရန်အခွင့်အလမ်းများရရှိခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ပြင်သစ်နိုင်ငံ Paris Le Bourget Exhibition Centre ၌ ကျင်းပသွားမှာဖြစ်ပြီး ပါဝင်လိုသူများအနေနဲ့ ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်းသို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

01 Jun

ADVERTISE HERE .