“နေမာ ကို ရွေးချယ်ခဲ့လို့ နောင်တမရဘူးဆိုတဲ့ အန်ဆယ်လော့တီ”

01 Jun

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာရှိတဲ့ နေမာကို ရွေးချယ်ခဲ့လို့ နောင်တမရကြောင်း ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီ က နေမာ နေရာကို အစားထိုးမှာမဟုတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။ နေမာ ဟာ နောက်ဆုံးဆေးစစ်ချက်တွေအရ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေပါတယ်။ နေမာ အနေနဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် မေလ ၁၇ ရက်ကတည်းက အနားယူနေရပေမယ့် ပြီးခဲ့တဲ့အပတ် ဘရာဇီးလ်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒဏ်ရာပြဿနာရှိနေတဲ့ နေမာ ကို ရွေးချယ်မှုအတွက် ဝေဖန်သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ နေမာ ရဲ့ဒဏ်ရာဟာ ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အထိ အနားယူရမယ်လို့ သတင်းတွေက ရေးသားခဲ့ ပါတယ်။ အန်ဆယ်လော့တီ ကတော့ နေမာအနေနဲ့ အုပ်စုအဖွင့်ပွဲ မကစားနိုင်ရင်တောင် တခြားအုပ်စုပွဲတွေမှာ ကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ (NVS 008)

01 Jun

ADVERTISE HERE .