“အီရန်ထံမှ နျူကလီးယားလက်နက်များ မထုတ်လုပ်ပါဟူသော အာမခံချက်များရရှိပြီဟု ဒေါ်နယ်ထရမ့်ပြော”

01 Jun

အမေရိကန်နိုင်ငံအနေဖြင့် အီရန်ထံမှ နျူကလီးယားလက်နက်များမထုတ်လုပ်ပါဟူသော ခိုင်မာသည့် အာမခံချက်များကို ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။ ထရမ့်အနေဖြင့် အီရန်ထံ သို့ ပိုမိုကြမ်းတမ်းသောအဆိုပြုချက် ပေးပို့ထားသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ထရမ့်က ယခု ကဲ့သို့ ပြောခြင်းဖြစ်သည်။ ထို့ပြင် ယင်းအဆိုပြုချက်နှင့်ပတ်သက်၍ မည်ကဲ့သို့သော ညှိနှိုင်းမှုမဆိုသည် အရှေ့ အလယ်ပိုင်းတွင်ဖြစ်ပွားနေသော စစ်ပွဲကို တရားဝင်အဆုံးသတ်စေရေးနှင့် ဟော်မုရေလက်ကြားကို ပြန်ဖွင့်စေရေး တို့အတွက် သဘောတူညီချက်ရရှိမည့်အချိန်ကိုသာ ပိုမိုကြာမြင့်စေမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။ မည်ကဲ့သို့သော သဘောတူညီချက်ပင်ဖြစ်နေပါစေ ၎င်းအနေဖြင့် ဦးစားပေးအရေးထားသောကိစ္စမှာ အီရန် နိုင်ငံက နျူကလီးယားလက်နက်များကို မထုတ်လုပ်ရေးနှင့်ဟော်မုရေလက်ကြားကို ပြန်ဖွင့်ရေးတို့ပင် ဖြစ်ကြောင်း ထရမ့်က မေလ ၃၀ ရက် ညပိုင်းတွင်ထုတ်လွှင့်သော Fox News သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောထား ခြင်း ဖြစ်သည်။ အီရန်ဘက်ကမူ ၎င်းတို့၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်လိုပါက အမေရိကန်ဘက်ကထိန်းသိမ်းထားသော အီရန်နိုင်ငံ၏ပိုင်ဆိုင်မှုဖြစ်သည့် ဒေါ်လာ ၁၂ ဘီလီယံကို ဦးစွာပြန်ထုတ်ပေးရမည်ဖြစ်ကြောင်းနှင့် စစ်ပွဲရပ်ဆိုင်းရာတွင် လက်ဘနွန်နိုင်ငံလည်း ပါဝင်ရမည် ဖြစ် ကြောင်း တောင်းဆိုထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Jun

ADVERTISE HERE .