“မကွေးတိုင်းဒေသကြီးမှာ Quick Win စီမံချက်ကြောင့် အိမ်ထောင်စု ၆၉ စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ”

01 Jun

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ ၃၅၀၊ အိမ်ထောင်စု ၆၉ စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အခုလိုမီးပေးနိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း ၈၃၀ ခန့် အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေလ ၂၉ ရက် နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာ သုံးစွဲနိုင်ရေး လိုအပ်တဲ့ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်နိုင်ရန် နှစ်စဉ် ရန်ပုံငွေခွင့်ပြု ပေးလျက်ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ ၅ နှစ်ကျော်ကာလအတွင်း ကျေးရွာပေါင်း ၈၃၂ ရွာ၊ အိမ်ထောင်စု အနေနှင့် ၁၀၂,၆၉၀ (တစ်သိန်းနှစ်ထောင့်ခြောက်ရာ့ကိုးဆယ်)စုခန့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ (NVS 004)

01 Jun

ADVERTISE HERE .