“အောင်လံကုန်စည်ဒိုင်မှာ မေလတတိယအပတ်တွင် နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း”

01 Jun

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်မှာ နှမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ၆၅၀,၀၀၀ ကျပ် ၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ၆၁၀,၀၀၀ ကျပ် ၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ၄၂၀,၀၀၀ ကျပ် နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ၄၂၀,၀၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ် မေလတတိယအပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ၆၀၀,၀၀၀ ကျပ် ၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ၅၆၀,၀၀၀ ကျပ် ၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ၄၂၀,၀၀၀ ကျပ် နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ၄၂၀,၀၀၀ ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မေလဒုတိယအပတ်နှင့် တတိယအပတ်တို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ရာတွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ နှင့် နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ စီ ဈေးကျဆင်းခဲ့ပြီး နှမ်းဖြူနှင့် နှမ်းနီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်သတင်းအရ သိရပါတယ်။ (NVS 004)

01 Jun

ADVERTISE HERE .