“မိုးတွင်းကာလမှာ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် ဆွေးနွေး”

01 Jun

မိုးတွင်းကာလမှာ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်ဦးဌေးမိုး က မေလ ၂၉ ရက်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေး‌ ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ်များအတွက် တည်ဆောက်ထားတဲ့ ဆီသိုလှောင်ကန်များနှင့် ပတ်သက်တဲ့ Structural Analysis Data များပြုစုပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန်၊ Weigh Scale Calibration ပြုလုပ်ရန်၊ CCTV Records များ စနစ်တကျထားရှိရန် ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိုးရာသီ ကာလအတွင်း အန္တရာယ်ကင်းစင်စေရေး၊ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းသို့ ရေစိမ့် ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်၊ ဆီကန်များတိုင်းတာစစ်ဆေးရာမှာ မြေပြင်လက်ကျန်နှင့် စာရင်းလက်ကျန်များ ကိုက်ညီမှန်ကန်မှုရှိစေရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဆွေးနွေးပြောကြား ခဲ့ပါတယ်။ (NVS 004)

01 Jun

ADVERTISE HERE .