“ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) များအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာအခကြေးငွေ သတ်မှတ်”

01 Jun

ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) အဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေ သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအခကြေးငွေသတ်မှတ်ချက်အရ ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ(Organizer)အဖြစ် မှတ်ပုံတင်ခြင်း ဆိုင်ရာ အခကြေးငွေနှုန်းထားမှာ မှတ်ပုံတင်ကြေးအနေနဲ့ ကျပ် ၃၀၀,၀၀၀ နှင့် မှတ်ပုံတင်သက်တမ်းတိုးလိုပါကလည်း သက်တမ်းတိုးကြေးအဖြစ် ကျပ် ၃၀၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ အခုလိုသတ်မှတ်ခြင်းဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)တို့အရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှာ ပြပွဲစီစဉ်ကျင်းပသူ(Organizer)အဖြစ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ Company Director List၊ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် (မိတ္တူ)၊ ကုမ္ပဏီရဲ့ အခွန်ထမ်းဆောင်မှု (၃ နှစ်စာ)၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာအသင်းရဲ့ ထောက်ခံချက်တွေနဲ့ မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)

01 Jun

ADVERTISE HERE .