“စွန့်ပစ်အမှိုက် ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တဲ့ စွမ်းအင်စက်ရုံ လည်ပတ်လျက်ရှိ”
01 Jun
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ စွန့်ပစ်အမှိုက်ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေး နိုင်မယ့် Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်လုပ်တဲ့စက်ရုံ) လည်ပတ်လျက်ရှိပါတယ်။ အခုလိုလည်ပတ်နေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် တာဝန်ရှိသူများက မေလ ၃၀ ရက်မှာ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံမှ စွန့်ပစ်အမှိုက်ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ ကျန်းမာရေးပိုင်းဆိုင်ရာများထိခိုက်မှုမရှိစေရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ (NVS 004)
01 Jun